Web Page Under Construction

ABOUT US

 

Objective
-To develop welding technology as a key role in the industrial development of Myanmar.
- To establish the professional network among Welding Engineers, Welding Industrials and Welding Practitioners for the plan actions.
- To key a foundation to integrate the welding technology discipline in the national education curriculum.

  

နိဒါန်း


၁။ မြန်မာနိုင်ငံဂဟေအင်ဂျင်နီယာအသင်းကို ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့မှ ၂၀၁၄ခုနှစ် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ၊ ၂၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့မှ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၇ ရက်နေ့တွင် ပြည်တွင်းအသင်းအဖွဲ့ မှတ်ပုံတင်လက်မှတ် ၁/ပြည်တွင်း/ ၁၀၃၄ ရရှိခဲ့ပြီး ဖြစ်ပါသည်။


၂။ ၂၉-၁၀-၂၀၁၈ ရက်နေ့တွင် အာရှဂဟေအဖွဲ့ချုပ် (Asian Welding Federation-AWF) । Chinese Welding Society (CWS), The Japan Welding Engineering Society (JWES), Malaysian Welding and Joining Society (MWJS), Singapore Welding Society (SWS), Philippine Welding Society (PWS) များမှ သက်ဆိုင်ရာနိုင်ငံ ကိုယ်စားလှယ်များ ရှေ့မှောက်တွင် မြန်မာနိုင်ငံဂဟေအင်ဂျင်နီယာအသင်း (The Myanmar Society of Welding Engineering-MSWE) အား စတင်ဖွဲ့စည်း တည်ထောင်ခြင်း အခမ်းနားပြုလုပ်၍ ဖွဲ့စည်းခဲ့ပါသည်။


ဗဟိုအလုပ်အမှုဆောင်အဖွဲ့များစာရင်း


၃॥ မြန်မာနိုင်ငံဂဟေအင်ဂျင်နီယာအသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အောက်ပါပုဂ္ဂိုလ် များဖြင့် ဖွဲ့စည်းထားပါသည်-
 
စဉ်      အမည်                        တာဝန်


(၁)      ဦးလင်း                       ဂုဏ်ထူးဆောင်နာယက


(၂)      ဦးအုန်းမြင့်                    ဥက္ကဋ္ဌ


(၃)      ဦးခင်မောင်သန်း             ဒုတိယဥက္ကဋ္ဌ


(၄)      ဦးနိုင်သီဟစိုး                အထွေထွေအတွင်းရေးမှူး


(၅)      ဦးလှဝင်း                     ဘဏ္ဍာရေးမှူး


(၆)      ဦးမိုးဇော်အောင်             အကျိုးဆောင်စာရင်းစစ်


(၇)      ဦးကိုကိုနိုင်                   ပြန်ကြားရေးမှူး


(၈)      ဦးဝင်းထွန်း                   တွဲဖက်အထွေထွေအတွင်းရေးမှူး-၁


(၉)      ဦးထိန်လင်းဦး                တွဲဖက်အထွေထွေအတွင်းရေးမှူး-၂


(၁၀)      ဦးအောင်သက်ပိုင်          တွဲဖက်ဘဏ္ဍာရေးမှူး


(၁၁)      ဦးစိုးသန့်                    ဗဟိုအလုပ်အမှုဆောင်


 
၄။ ၃၁-၁၂-၂၀၂၄ ရက်နေ့အထိ အသင်းဝင်စုစုပေါင်း (၇၃)ဦး ရှိပါသည်။


 
ရည်ရွယ်ချက်
 
၅။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ စီးပွားရေးနှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဂဟေပညာရပ်၏ အခန်းကဏ္ဍသည် အဓိက ကျသော ကဏ္ဍအဖြစ် ပါဝင်နေခြင်း ဖြစ်သည်နှင့်အညီ ဂဟေအင်ဂျင်နီယာများ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် အလုပ်လုပ်ကိုင် နေသူများ အနေဖြင့် နိုင်ငံတော် အဖွဲ့အစည်းများ၊ ကုန်သွယ်မှုလုပ်ငန်း အဖွဲ့အစည်းများ၊ ဝန်ဆောင်မှုလုပ်ငန်း အဖွဲ့အစည်းများ၊ တည်ဆောက်ရေးလုပ်ငန်းအဖွဲ့အစည်းများ၊ ပညာရေးနှင့် သုတေသန အဖွဲ့အစည်းများ နှင့် ညီညွတ်စွာပူးပေါင်း ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဤအသင်းကို တည်ထောင်ရခြင်း ဖြစ်သည်။